Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ
  Facebook ဟာ ဒီရက်ပိုင်းအတွင်း  ပြဿနာ   တော်တော်ရှာလာတယ်လို့ ပြောရမလောက်ပါပဲ  တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ  ဘာကြောင့်လဲ ဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ ခိုးတယ် .. နိုင်ငံရေး အမြတ် ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ  ကြံစည် လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..  တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့ မရပါဘူး ...  အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့    Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့  Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်  ( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )  ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in  အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်  အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..  အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်  နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..  အဲဒီမှာ Check လုပ်တဲ့အဆင်...