အသုံးဝင်ဆော့ဝဲလ် နှင့် နည်းပညာ

သိသမျှကို ပြန်လည် ဝေမျှခြင်းဖြစ်ပါသည် အမှားအယွင်းရှိရင် အကြံပြုလိုပါက အကြံပြု၍ ရပါသည်။

Friday, September 13, 2013
Iphone 5 ကို 5s သို့ ပြောင်းလဲအသုံးပြုခြင်း
ဖုန်းအသစ်အဆန်းတွေကအမြဲတမ်းထွက်ပေါ်နေတာဖြစ်ပြီးအဲဒါတွေပေါ်တိုင်းသာလိုက်ဝယ်နေရရင် သင် ၀င်ငွေကောင်းအောင်တော်တော်ရှာရမှာပါ။အခုဆို iPhone 5S ပေါ်လာတော့မှာဖြစ်ပါတယ်။ iPhone User တွေအနေနဲ့  iPhone 5S ကိုလိုချင်မိမှာအမှန်ပါ။ iPhone 5S မှာ iPhone 5 ထက်ထူးခြားကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်တွေ ပါရှိလာပေမယ့် သိပ်ပြီးတော့ ပြောပလောက်အောင်မဟုတ်ပါဘူး။ သင့်မှာ iPhone 5 တစ်လုံးရှိရင် iPhone 5 S ရဲ့  Features တွေကို ၀ယ်စရာမလို ဘဲ အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။
iOS 7 ကို အင်စတောလုပ်ပါ။
iOS_7_icons_270x320
iPhone 5S မှာ iOS 7 ကို စတင်ပွဲထုတ်အသုံးပြုလာမှာပါ။ တစ်ခြား iPhone user တွေလည်း September 18 ရက်မှာ iOS 7 ကို တရားဝင်အခမဲ့ အင်စတောလုပ်နိုင်မှာပါ။ အခုလောလောဆည်တော့ iOS 7 ကို သုံးချင်ရင်နောက်ဆုံးထွက် Developer Version တွေ အင်တာနက်မှာပြန့် နှံ့  နေပြီးရှာဖွေပြီးသုံးနိုင်ပါတယ်။ iOS 7 နောက်ဆုံး Version တွေကို Myanmar ICT မှာကျွန်တော်ရေးထားတဲ့ဆောင်းပါးမှာ Download လုပ်နိုင်ပြီး Update လုပ်နည်းကိုလည်းရေးပေးထားပါတယ်။
Performance ကို ကောင်းမွန်အောင်ပြုလုပ်ပါ။
ashampoo 04
သေချာတာကတော့ iPhone 5S ရဲ့  Hardware တွေကတော့ စွမ်းဆောင်ရည်ပိုကောင်းလာကြတာပါ။ သင့်ဖုန်း ကိုလည်း iPhone 5S ရဲ့ Performance နီးပါးလောက်အသုံးပြုချင်ရင်နည်းတွေ ရှိပါတယ်။အသုံးမပြုတဲ့ Apps တွေကိုဖြုတ်ပစ်ပါ။အထူးသဖြင့် Game တွေဟာ ဖုန်း ရဲ့ Storage ကို တော်တော်များများနေရာယူတတ်တဲ့အတွက် အသုံးမပြုရင် ဖြုတ်ပါ။မလိုအပ်တဲ့ဖိုင်တွေကိုလည်းရှင်းပါ။ iOS Camera App ကလည်းနေရာယူတဲ့ App တစ်ခုဖြစ်ပြီး ဓါတ်ပုံတွေများပြားနေရင် ကွန်ပြူတာ ဒါမှမဟုတ်တစ်ခြား Device တစ်ခုခုကိုပြောင်းရွှေ့ သိမ်းထားပါ။
Safari အပါအ၀င် Browser တွေ ရဲ့ Cache,Cookie တွေ များပြားနေတာဟာလည်း ဖုန်းရဲ့  Performance ကို ကျဆင်းစေတဲ့အတွက်ရှင်းပစ်ပါ။ ဒီထက်နည်းနည်းပို လုပ်ရဲရင် ဖုန်းရဲ့ ဆက်တင်ကို Reset ချပါ။ Setting ကို Reset ချခြင်းဖြင့် Performance အနည်းငယ်တက်လာစေနိုင်ပါတယ်။
ကောင်းမွန်တဲ့ Camera App တွေသုံးပါ။
Cortex_Cam_settings_270x405_270x405
iPhone 5S ရဲ့ Camera ဟာပိုမိုကောင်းမွန်တဲ့ Hardware တွေ နဲ့ အားဖြည့်ပြုလုပ်ထားပါတယ်။ Low-Light Shots, Two-Tone Flash တွေမှာ ပုံတွေရဲ့ ကာလာကို ပို ကောင်းမွန်အောင်ရိုက်နိုင်တဲ့ ပိုကြီးမားပြီးကောင်းမွန်တဲ့ Sensor နဲ့ အားဖြည့်ထားပါတယ်။ iPhone 5S ရဲ့ Hardware တွေ ကို သင့် iPhone 5 မှာတော့ သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်ကောင်းမွန်တဲ့ App တွေ နဲ့ သင့်ဓါတ်ပုံပညာက iPhone 5S ရဲ့ Camera Feature တွေကိုသုံးနိုင်မှာပါ။ဥပမာအားဖြင့် Cortex Camera app က Low-Light Shots ကို ပိုမိုကောင်းမွန်အောင်ရိုက်ပေးနိုင်ပါတယ်။ဒီလို App ကိုကျွမ်းကျင်စွာအသုံးပြုနိုင်ရင် iPhone 5S ရဲ့  Camera စွမ်းဆောင်ရည်နီးပါး ရနိုင်ပါတယ်။
iPhone 5S ရဲ့ slow-motion video, burst-mode photos တွေကို ရိုက်နိုင်တဲ့ Feature တွေကို အသုံးပြုချင်ရင်တော့ SloPro , Burst Mode လို App မျိုးကို သုံးနိုင်ပါတယ်။Hardware ပိုင်းအားနည်းချက်တွေကို အားဖြည့်ပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ App တွေ ရှိနေတာကို သတိပြုပါ။
ရွှေရောင် Cover အသုံးပြုပါ။
Skinit_iPhone_5_gold_270x271
iPhone 5S ကို ကာလာတောက်တောက်ပပတွေ နဲ့  နှစ်သက်ရာရွေးချယ်ဝယ်နိုင်အောင်ထုတ်လုပ်ထားပါတယ်။အထူးသဖြင့် ရွှေရောင်ကာလာက ရေးပန်းစားပြီး ထင်ပေါ်ပါတယ်။သင့် iPhone ကိုလည်း iPhone 5S လို ထင်ရပြီးအမြင်တောက်ပချင်ရင်တော့ ရွှေရောင် Cover ကို ၀ယ်အသုံးပြုနိုင်ပါတယ်။
Fingerprint Scanner app သုံးပါ။
Fingerprint_scanner_app
iPhone 5S မှာ Fingerprint Scanner ပါရှိလာတာကို သိကြမှာပါ။ သင့် iPhone အပါအ၀င် အခုခေတ် Smart Phone တွေ မှာ Fingerprint ကို Scan လုပ်နိုင်တဲ့ စွမ်းရည်တွေရှိတယ်ဆိုတာသင်သိပါသလား? Mode Finger Scan app ကိုသုံးရင် iPhone 5S ရဲ့  Touch ID feature ကိုသင်သုံးနိုင်ပြီပေါ့။
အပေါ်ကနည်းတွေကိုပြုလုပ်ပြီးရင်တော့ သင့် iPhone ဟာ iPhone 5S အသွင်ပြောင်းလဲသွားပြီပေါ့။
Posted by Thet Nyi at 10:29 AM
Email ThisBlogThis!Share to TwitterShare to Facebook
No comments:

Post a Comment

Older Post Home
Subscribe to: Post Comments (Atom)
Recent Posts

Powered By: Blogger Widgets
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
sideBar
picoodle.com
လာရောက်ကြည့်ရှုနေသူများ
geocounter3
visitor counter
Your adress
IP
Digital clock
လာရောက်လည်ပတ်သူများ
Blog Archive

2013 (37)
September (1)
Iphone 5 ကို 5s သို့ ပြောင်းလဲအသုံးပြုခြင်း
July (21)
June (2)
March (8)
February (5)

ဘာသာပြောင်းလဲကြည့်ချင်ရင်
Select Language▼
thetnyi.007@gmail.com

Thet Nyi

View my complete profile
လိုတာတွေ့ရင်ယူသွားပါ
အားလုံးအတွက် တင်ထားတာဖြစ်လို့ ဖတ်ပါ ဒေါင်းပါ လိုအပ်သလို မျှဝေပါ Free blog ပဲဖြစ်ပါတယ်
Pages

ပင်မစာမျက်နှာ
Android apk
ကွန်ပျူတာနည်းပညာစာအုပ်များ(မြန်မာလို)
နည်းပညာသတင်းအတိုအထွာများ
ကဗျာနှင့်စာတိုပေစများ

ပို့စ်အသစ်တင်တိုင်း Email မှဖတ်လိုလျှင်


အားလုံးမျှဝေလို့ရပါတယ်. Picture Window template. Powered by Blogger

Comments

Popular posts from this blog

နည်းပညာစာအုပ်များ downland လုပ်ရန်

Software များ Download ယူရန်

လိုရာသုံး မှတ်​စုများ