Windows နှင့် ပါတ်သက်သမျှ
Windows 8 Manager v1.1.8
Windows 8 Manager v1.1.8 နောက်ဆုံး Version တော့ မဟုတ်ပါဘူးဗျာ။ ကျုပ်လည်း ရထားတာ စမ်းသပ်သုံး
ကြည့်ထားတာလေးတစ်ခုမို့ တင်လိုက်တာ တင်လည်း မတင်ရသေးတာကတစ်ကြောင်းပေါ့ဗျာ။ မန်နေဂျာဆိုမှ
တော့ ပြောစရာမလိုလောက်တော့ပါဘူး...။ ဂျာကြီးပေါ့... ကြိုက်သူအတွက်တော့ ရွှေပါဘဲ..မကြိုက်ရင်တော့ ပတ္တ
မြှားဆိုပေမယ့် မကြိုက်သူအတွက်တော့ အမှိုက်ပေါ့...။ သို့မဟုတ် အသုံးတည့်သူ အသုံးပြုတတ်သူ အသုံးဝင်မှန်း
သိသူအတွက်ကတော့ အဖိုးထိုက်တန်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခုပေါ့...။ သို့သော် Microsoft က အနံ့တွေ ထွက်
နေတယ်နော် သတိထား ကျုပ်တို့ကတော့ ဘာမှ မဖြစ်ပါဘူး နိုင်ငံအကြီးအကဲတွေလောက်သာ။ ကျုပ်တို့က Microsoft ရဲ့ Windows ကို သုံးနေတာလေ.. သူ့မှာ ဟာကွက်ရှိတယ်တဲ့ အဲဒီဟာကွက်က FBI နဲ့ ပေါင်းပြီး ဘာ
လုပ်တယ် ညာလုပ်တယ်ပေါ့ဗျာ။ အဲဒါလေး သတင်းလေးတွေ ဖတ်ရတယ်။ ကိုယ်မှာ အဲဒီလောက် မကျွမ်းကျင်
တာ ဘယ်သိမလဲဗျာ။ ခု Windows 8 Manager ကလည်း သူတို့ထုတ်တာပါဘဲ...ကဲ ဒါကတော့ ကြားရတဲ့သတင်း
နဲနဲ ဖြည့်စွက်ပြောလိုက်တာပါ...။ အဆင်ပြေပါစေ...

Saturday, December 7, 2013
Windows 8 For Start Menu 8 v1.4.0
ကဲ Windows 8 သမားများအတွက် Start Menu ဆော့ဖ်ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကိုယ်လည်း ခုမှ
ရလို့ တင်ပေးလိုက်တာ။ ဒါလေးကတော့ သူများဆိုက်တွေမှာတော့ မြင်ဖူးတာ နဲနဲကြာပါပြီ။ သို့သော်လည်း
အဲဒီတုန်းက မလိုချင်ခဲ့ဘူး ခု 8.1 ကနေ 8 ကို ပြန်ဆင်းတော့မှ နဲနဲရချင်စိတ်ဖြစ်တာနဲ့ ရှာကြည့်တာနဲ့ အံကိုက်တွေ့လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်..။ ကဲ 8 ကတော့ မဆိုးဘူးဗျ။ Active လည်းဖြစ်တယ်လေ။
8.1 Active မဖြစ်တာမို့ပါ။ 7 လိုမဟုတ်တော့ဘူးလေ။ နဲနဲ ခက်လာပြီ ကြာရင်တော့ လွယ်သွားမှာပါ။ ဒီ 8 မှာ
ကတော့ ဆိုင်မှာ ၀ယ်ခဲ့တာကိုးဗျ။ သူ့အတွက် ကီးရယ်လို့တော့ မပါဘူး Windows 8 Boot တက်လိုက်တာနဲ့
သူက Windows With Active Now ဆိုလားဘဲဗျာ။ အဲဒါလေး ကလစ်ပေးခဲ့ရုံဘဲ ဒါဆို ဘာကီးမှ ထည့်စရာ မလိုဘူးလေ။ အဲဒါ ဒုက္ခအေးတာဘဲ။ ကဲ ခုကတော့ ဒုက္ခတစ်ခုကို ပြန်လည် ဖြေရှင်းလိုက်တာပေါ့ဗျာ။ 8.1 မှာ
ပါတဲ့ Start Menu လိုမျိုးလေး သော်လည်းကောင်း 7 Start Menu လိုဘဲ ဖြစ်ဖြစ် သုံးနိုင်အောင်ပေါ့ဗျာ..။

Thursday, October 24, 2013
Computer Search ကို ရှာဖွေမွှေနှောက်ကြည့်ရအောင်
ကဲ ကျုပ်လည်း ဘာမှ ရေးစရာ အကြံမပေါ်တာမို့ ။ ဒါလေးရေးလိုက်တယ်။ ကဲ ကိုယ်ရှာချင်တာလေးတွေကို
ရှာဖွေနိုင်အောင် Windows မှာ ပါပြီးသားပါ။ ခုနောက်ထွက်တဲ့ 7 / 8/ 8.1 တွေမှာတော့ ရှာရတာ လွယ်တယ်။
ဟိုတုန်းက XP ကတော့ ခွေးလေးနဲ့ ရှာတာပေါ့။ ခုတော့ လွယ်ပါတယ်။ သူများကွန်ပျူတာမှာ လူအများစု စိတ်ဝင်စားတာက MP4 FLV AVI စတဲ့ ဗွီဒီယိုလေးတွေပေါ့ဗျာ။ အဲဒါလေးကို ရှာပြမယ် ကျန်တာတွေလည်း
မိမိစိတ်ကူးတည့်ရာ ရှာပေါ့ ရှိရင်တော့ ပေါ်လာမှာဘဲ။ လူတိုင်းကတော့ မမြင်စေချင်တာလေးတွေကို Hide လုပ်ထားကြတယ်လေ။ အဲဒါလေးကိုရောပါ ရှာကြည့်မယ်။ ပထမဆုံး This PC ပေါ့ ဒါက Windows 8.1 မှာ
My Computer လေးကို ဖွင့်လိုက်ပါ။ Windows 8.1 နဲ့ ရှင်းပြမယ် This PC>> View >> Options >> View>>
Show hidden files. folders. and drives >> အဲဒါလေးကို အမှန်ခြစ်ပါ။ အဲဒါပြီးရင်တော့ ရှာရုံဘဲ။ ကျုပ်ဓါတ်ပုံ
လေးနဲ့ ရှာပြထားပါတယ်။ သူများ ဖွက်ထားတာလေးတွေပါ ပေါ်လာမယ် အများဆုံးက MP4 FLV AVI 3GP
format တွေကို အဲတော့ အဲဒီနာမည်တွေကို တစ်ခုချင်း လိုက်ရိုက်ကြည့်ရင် ဖွက်ထားတာတွေ ပေါ်လာပါလိမ့်
မယ်။ ဖွက်ထားရင်ပေါ့ ရှိရင်ပေါ့ဗျာ။ အထူးသဖြင့်တော့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေအတွက်
အဆင်ပြေမှာပါ။ နောက်ပြီ ကိုယ်မသိတဲ့ Software တွေကိုလည်း ရှာဖွေနိုင်ပါတယ်။

Tuesday, October 22, 2013
Windows 8.1 Enterprise ISO file ဖွင့်နည်းနှင့် သို့မဟုတ် file ဖြည်နည်း Windows တင်နည်း အနည်းငယ်
ကဲဗျာ နည်းပညာသမားဆိုတော့လည်း အမေးရှိရင် အဖြေလေးရှိအောင် လုပ်ထားရသေးတာပေါ့။ ညီတစ်
ယောက်က Windows 8.1 Enterprise ဒေါင်းပြီးပြီ ဖိုင်မဖြည်တတ်လို့တဲ့။ ကျုပ်နည်းကို သိတဲ့သူတော့ နည်းနေ
ဦးမယ်ထင်တယ်နော်။ ဒီနည်းက တစ်ခါတည်း Windwos တင်လို့ရတယ် VirtualDrive လေးပေါ်လာအောင်
လုပ်တဲ့နည်းလေးပါ။ ကဲ စလိုက်ရအောင်ဗျာ။ ပထမဆုံး မိမိဒေါင်းထားတဲ့ Windows 8.1 Enterprise ISO file
>> Right Click >> Open With >> Windows Exoplorer နှင့် ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် DVD Drive ရဲ့နောက်
မှာ DVD Drive ဆိုပြီး Windows 8 Start Icon ပုံလေးမြင်ရမယ်။ ဒါကိုဘဲ ကျုပ်က VirtualDrive လို့ပြောတာပါ။
ဒီအထိရှင်းတယ်နော်။ ရှင်းရင် အဒီ VirtualDriveWindows လေးကို ဖွင့်လိုက်ပါ။ အတွင်းမှာ Setup ဆိုတာကို
နှစ်ချက်ကလစ်ပြီးတော့ တင်ရုံပါဘဲ ကျန်တာတော့ 7 တင်တာနဲ့ မထူးဘူး။ ဒီတင်နည်းက Windows C\ ခန်း
ကို format ချစရာမလိုဘူးနော်။ ကဲ အားလုံးဘဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပုံလေးနဲ့ ပြသပေးထားပါ
တယ် မရှင်းသူများ ကြည့်နိုင်ပါတယ်နော်။ Windows older Delete ဖျက်နည်းကို သွားရန်။ ခုလောလောဆယ်
တော့ အဆင်ပြေသေးတယ် နောက်ပိုင်း ရှာရခက်မှာမို့ ဖျက်နည်း လင့်ထည့်ထားတယ်နော်။

Saturday, October 19, 2013
Windows 8.1/ 8 / 7 မှာ Windows Olders ကို ဖျက်နည်း How to Windows older delete
ကဲ ဒီနည်းလေးက အတော်ကောင်းပါတယ်။ Windows ကျသွားရင်ဘဲဖြစ်ဖြစ်
ဒီနည်းသုံးရင် မိမိရဲ့ အရင် Windows မှာ ရှိတဲ့ ဖိုင်တွေကိုလည်း
ယူလို့ရပါတယ်။ bot တက်ပြီးတော့ ပုံမှန်အတိုင်းတင်ပါ။ မိမိက C ခန်းထဲ
တင်မှာဆိုရင် ဒီတိုင်း Slet မှတ်ပြီးတင်ရုံပါဘဲ Format မချပါနဲ့နော်။
ကျုပ်ခုနက တင်တာကတော့ Bot
တက်စရာမလိုဘူး အင်တာနက်က တိုက်ရိုက်ဒေါင်းပြီး ဖိုင်လေး ဖွင့်လိုက်တာနဲ့ VirtualDrive လေးပေါ်လာ
တယ် နှစ်ချက်ကလစ်ပြီး တင်လိုက်တာဘဲ။ သူ့ဟာနဲ့သူပြီးသွားတယ် ။ အဲတော့ ကိုယ့်အရင် Windows ကို
ဒေါင်းထားတဲ့ အရေးကြီးတဲ့ ဖိုင်တွေကိုတော့ C ခန်းထဲမှာ Windows Oldes ဆိုပြီးရှိတယ်ဖွင့်လိုက်ပါ။ User>>
ထဲမှာ မိမိ Windows တင်တုန်းက နာမည်ပေးခဲ့တဲ့ အပေါ်က floder လေးကိုဖွင့်ပါ။ အဲဒီထဲမှာ ကိုယ်ကတော့
ဒေါင်းထားတာတွေဆိုတော့ Download ထဲဝင်လိုက်တယ် ရချင်တာတွေကို Desktop ပေါ် ဆွဲတင်လိုက်တယ်
နောက်ပြီးတော့ Windows အဟောင်းက Desktop ပေါ်မှာ ထားထားတဲ့ဖိုင်တွေကိုလည်း အသစ် Desktop ကို
ဆွဲယူလိုက်တယ်။ ကဲကိုယ်ရချင်တာတွေ ကုန်ပြီဆိုရင်တော့ Windows 8 အဟောင်းကို ဖျက်ပါတော့မယ်။

Windows 8.1 Enterprise x86 x64
သိပ်တော့ မထူးပါဘူး Start Button ပါတယ်ဆိုပေမယ့် ဟိုမျက်နှာပြင်ကြီးကိုဘဲ ရောက်တာပါ။ 7 လိုများလား
လို့ ဒို့ကထင်နေတာ မဟုတ်ပါဘူး။ ကဲ ရက်ပေါင်း 90 သုံးဆိုတော့ သုံးလတော့ သုံးရမယ်ပေါ့။ နောက်ပိုင်းမှာ
သူ့အတွက် Loader တွေ ထွက်လာရင် အဆင်ပြေပြီပေါ့ဗျာ။
Tuesday, October 8, 2013
ဝင်းဒိုး 8 ( ၈ ) Loader ခေါ် Active ဖြစ်စေမည့် ကီးများပေါ့ဗျာ.
မိုက်ခရိုဆော့ဖ်ကို နဲနဲလောက် မလိမ့်တစ်ပတ်လုပ်ပေးရသေးတာဗျ။ သူတို့က ဒီဝင်းဒိုး တစ်ခွေကို 135 ဒေါ်
လာလောက်နဲ့ ရောင်းတာဆိုတော့ မြန်မာငွေနဲ့ တစ်သိန်းနှစ်သောင်းလောက် ရှိမလားဘဲဗျာ။ အဲဒီလောက်
ကြီးကို ကျုပ်တို့လည်း ၀ယ်မသုံးနိုင်ဘူးလေ။ တစ်ခွေကို တစ်ထောင်နှုန်းနဲ့တောင် သိပ်မ၀ယ်ဖြစ်တာဆို
တော့ သိတဲ့အတိုင်းဘဲဗျာ။ မနေ့ကတော့ Microsoft ၀ဘ်ဆိုက်ကို ရောက်ဖြစ်တယ် လျှော့ဈေးနဲ့ ရောင်းတဲ့
ထားတာတွေ့ရတာ 69 ဒေါ်လာနဲ့တူပါတယ်။ 69 ဒေါ်လာဆိုရင်တော့ တစ်ဒေါ်လာ 900 နှုန်းနဲ့ တွက်ကြည့်ရင်
62100 ခြောက်သောင်းကျော်လောက်ကျတယ်ဗျ။ ကဲ ဒါတွေကတော့ ဗဟုသုတဖြစ်ပေါ့ဗျာနော်။ ခုဟာက ဆိုင်က ၀ယ်လာတာဘဲဖြစ်ဖြစ်ပေါ့ Windows 8 ကို တင်ပြီးရင်တော့ Active ဖြစ်အောင် အမြဲသုံးလို့ရအောင်
လုပ်တဲ့ကောင်လေးတွေပါ။ ကျုပ်တတ်နိုင်သမျှ စုထားတာ ဒီနေ့တောင် Facebook မှာတွေ့လို့ ကောက်ဆွဲ
ထားတဲ့ နောက်ဆုံး ရရှိထားတဲ့ ကောင်လေးတောင် ပါသေးတယ်။ ဒါတွေကတော့ ကွန်ပျူတာအရောင်းဆိုင်
တွေမှာတောင် သိပ်ရှိတာမဟုတ်သေးဘူး။ သူတို့က ရှာပျင်းတဲ့သူတွေမို့ပါ ရောင်းတာစားချင်တာ သူများ
အဆင်ပြေအောင်တော့ သိပ် မစဉ်းစားကြဘူး။ နဲနဲလောက်ကလိလိုက်ရသေးတာဗျ။ ကျုပ်ဝယ်တုန်းက ကီး
လည်းမပါဘူးလေ။ ဒါကြောင့်ပါ။

Monday, October 7, 2013
Download Windows 8 Pro ISO 32bit / 64bit
Windows 8 Pro ISO ကို Update Link လေးတွေ့လို့ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တယ်....။
ငမိုးကတော့ ၀င်းကမ္ဘာကျော်မှာ တွေ့တာပါ။ အဲဒါနဲ့ ဒေါင်းစမ်းကြည့်နေတယ်။ ဒေါင်းရမှာကလည်း နဲနဲတော့
အချိန်ပေးရမယ်။ ၀ယ်သုံးတာက ပိုကောင်းပါတယ်.။ ဒါကတော့ စမ်းသုံးကြည့်ရမလားလို့ပါ။ လင့်လေးက
တော့ ဒေါင်းလို့ ရတုန်းဘဲဗျ။ ရချင်ရင်တော့ ဒေါင်းကြပေါ့ဗျာ။

Beautiful,
Fast, Fluid
Windows
has been reimagined to focus on your life. The beautiful, fast, and
fluid design is perfect for a range ofhardware: From compact,
touch-enabled tablets and lightweight laptops, to PCs and large,
powerful all-in-ones withhigh-definition screens.
Wednesday, August 7, 2013
Win Rar အသုံးပြုနည်း ရေးသားသူ (နေမင်းမောင်)
ကဲဗျာ Win Rar ဘယ်လိုပြုလုပ်ရတယ် ။ ဘယ်လို ဖိုင်ဖြေရတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ ဘလော့
ကာကြီး နေမင်းမောင် ရေးထားတဲ့ Win Rar အသုံးပြုနည်းစာအုပ်လေး တင်ပေးလိုက်တယ်.။ အဲဒါကြည့်လိုက်
ရင်တော့ သိသွားမယ်.။ ဖြည့်တာလည်း မခက်ပါဘူး New Floder ဆောက်ပါ ကိုယ်ဖြည့်ချင်တဲ့ဖိုင်ကို ကောက်
ထည့်ပါ ပြီးရင် ဖိုင်ကို Right Click နှိပ် Extract Here လို့ နှိပ်လိုက်ရင် ဖြည့်လိုက်တာဘဲ။ နောက်တစ်နည်းက
Extract files.. ကို နှိပ်ရင်တော့ ဒီဖြည့်လိုက်တဲ့ဖိုင်ကို ဘယ်နေရာကို ပို့မလဲပေါ့ Desktop ကို ပို့ချင်လည်း ပို့ပေါ့
တစ်ခြား အခန်းထဲကို ပို့ရင်လည်းပို့ပေါ့ အဲဒါလေးဘဲ အကျဉ်းပြရင် အကျယ်မြင်အောင်လုပ်ပါ.။ ကိုယ်တိုင်လုပ်
ကြည့်မှ အဆင်ပြေမှာ မလုပ်ကြည့်ရင်တော့ ရမှာမဟုတ် ဒါတွေက သိပြီးတဲ့သူတွေ အများကြီးပါ.။ Rar file ပြု
လုပ်ချင်ရင်လည်း New floder တစ်ခုဆောက် ထည့်ချင်တဲ့ ဖိုင်ထည့် ပြီးရင် Right Click>>Add to ....rar ပေါ့
ကွက်လပ်လေးထားခဲ့တာက ကိုယ့် Floder နာမည်ပေါ့။ အလွယ်မှတ်လိုရင်တော့ ကိုယ် Rar လုပ်ချင်တဲ့ဖိုင်ကို
Right Click>>Add to ဆိုတာလေးနှစ်ခုပါတယ် ဒုတိယ နှစ်ခုမြောက်ပေါ့ အဲဒါလေးလုပ်လိုက်ရင် ရပြီ..။ မလုပ်
တတ်ရင် အောက်မှာ ဓါတ်ပုံလေးထည့်ပေးလိုက်မယ်ကြည့် သို့မဟုတ် စာအုပ်ဒေါင်းပြီးကြည့်..။

Thursday, June 20, 2013
ထူးခြားတဲ့ Windwos 7 file လေး 9.28MB
ကဲမိတ်ဆွေတို့ရေ ဒီလို Windows 7 မျိုးကို
ကျုပ်ကိုညီနေမင်းဆီမှာတွေ့ဖူးပါတယ်.။ ကြာသော်လည်းကြာပါ ပြီ.။
ဘာကြောင့်ထူးခြားသလဲ ဆိုတာတော့ 3.50 GB လောက်ရှိတဲ့ ဖိုင်ကို
ဒီလိုဖိုင်ဆိုက် သေးသေးလေးဖြစ်အောင် ပြုလုပ်ထားတာကိုမှ
ထူးခြားတဲ့အချက်ပါဘဲ.။ ဒီမြန်မာပြည်က နည်းပညာသမားများ အားလုံးလည်း ဒီ
သုံးဂစ် လောက်ရှိတဲ့ ဖိုင်ကို 9MB ကျော်ကျော်လေးဖြစ်အောင် ခြုံ့ဖို့ဆိုတာ
အင်မတန်မှ ခဲရင်းပါတယ် ။ ကျုပ် ကိုယ်တိုင်လည်း မလုပ်တတ်ပါဘူး.။ ဒါကြောင့်
ထူးခြားတယ်လို့ ပြောတာပါ.။ ကဲအဒီထူးခြားတဲ့ Windos 7 file လေးကို
စတစ်လေးထဲမှာဘဲဖြစ်ဖြစ် ကွန်ပျူတာထဲမှာဘဲဖြစ်ဖြစ်
သိမ်းထားချင်တယ်ဆိုရင်ဖြင့် ဒေါင်းလော့ ချသွားလိုက်ပါ.။ 10 မရှိတစ်ရှိ file
ကို Extract Here ဖိုင်ဖြည်လိုက်ရင်တော့ 3.50GB သုံးဂစ်ခွဲလောက်ထွက်
လာမှာပါ.။ အဲဒီဖိုင်ဖြည်ထားတာကို Windows တင်စမ်းလိုရင်လည်း စမ်းပေါ့.။
ကောင်းတာကတော့ သိမ်းထားဖို့ အကောင်းဆုံးပါဘဲ ကိုယ့်မှာ အခက်အခဲဖြစ်လာရင်
ဖိုင်လေးဖြည်ပြီး ဆော့ဝဲတွေ Install လုပ်သလို ထည့်သုံးရုံ ဘဲလေ.။ ကဲ
သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.။
Saturday, June 8, 2013
ကွန်ပျူတာမှာ Zawgyi One နဲ့ရေးတဲ့ မြန်မာစာလေးတွေ အမြဲမြင်နိုင်အောင်
သြော် ငါ့အတွက် ပညာတစ်ကွက်ရတာဘဲဆိုပြီး မှတ်ထားတာလေး ပြန်မျှလိုက်တာပါ..မသိသေးရင်တော့
မှတ်သွားပေါ့..။ ကဲစလိုက်ရင် ကွန်ပျူတာ Desktop မျက်နှာပြင်မှာဘဲ Right Click>> Personalize >>Windows
Color >> Advanced appearance Settings...>> ကိုနှိပ်ပြီးရင် Item: အောက်မှာ Icon ဆိုတာကိုရွေး နောက်ပြီး
သူ့အောက်က Font နေရာမှာ Zawgyi -One ရွေးပေးလိုက်ပါ..။ ကဲဒါဆိုရင် ကွန်ပျူတာအတွင်းမှာ မှတ်ထား
တဲ့ စာလေးတွေ သီချင်းလေးတွေကို ဒါမျိုးကြီး သီချင်းဘဲ ဒါစိုင်းဆီးဆိုင် သီချင်းဘဲ စသဖြင့်ပေါ့ဗျာ..။ မြန်မာ
လိုရေးထားတဲ့ စာလေးတွေကို မြင်နိုင်ပါပြီ..။ Backgroung ချိန်းတိုင်း ပြောင်းတိုင်း ဒီနည်းလေးနဲ့ လုပ်ပေးပါ.။
အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ် မလုပ်တတ်မှာ စိုးလို့..။
Friday, May 10, 2013
Window 7 Vista XP Installation ၀င်းဒိုးတင်နည်း(၃)မျိုး စာအုပ်လေးများ
ကဲဗျာ ဟိုအရင်က တင်ပေးထားတာလေးက Window 7 တင်နည်း တစ်ခုထဲပါ စာအုပ်လင့်က ပျက်နေပြီ.။
အဲဒီတော့ ခုတင်တာကတော့ 7 Vista XP တင်နည်း သုံးမျိုးပေါ့ဗျာ.။ ၀င်းဒိုးမတင်တတ်ရင်တော့ ကိုယ့်
လက္ဖက်ရည်ဖိုး မုန့်ဘိုးကုန်မှာဘဲနော် 7000 လောက်ရှိတယ်ဗျာ။ အဲဒီတော့ 7000 အကုန်ခံပြီး သူများကို
ခိုင်းမလား ဒီဟာ နည်းနည်းလောက်လေ့လာပြီးတော့ ကိုယ်ဟာကို တင်ကြည့်မလား အဲဒါဘဲစဉ်းစား သူများ
ကိုပေးမယ့် အစား ကိုယ့်ဗိုက်ဝအောင် မုန့်ဝယ်စားလိုက်မှာပေါ့ ကိုယ့်ဟာကို ၀င်းဒိုးတင်တတ်အောင် လေ့
လာလိုက်မယ် ဟုတ်ဘူးလား အဲလိုဆို ပိုတောင် ကောင်းသေးတယ်နော်..။ ကဲဗျာ ကွန်ပျူတာ တစ်လုံး ပိုင်
ဆိုင်ထားသူတိုင်း ဒီဝင်းဒိုးတင်တာလေးတော့ တတ်ထားသင့်ပါတယ်.။ မတတ်သေးတဲ့ သူများအတွက်ပေါ့
တတ်ပြီးသား သူများအတွက်ကတော့ လက္ဖက်ရည်ဘိုး သက်သာသွားပြီပေါ့ဗျာ.။ ဟုတ်ဘူးလား. ဒီနေရာမှာ
တစ်ခုလောက်ပြောချင်တာက Windown ခွေဝယ်ယူတဲ့ အခါမှာ ဆိုင်ကရောင်းတဲ့သူကို သေချာလေးမေး
ပါ ဒီ Windown ခွေက Boot ကော တက်သလား စသဖြင့်ပေါ့..။

Tuesday, May 7, 2013
All In One Window 7 Loader ၀င်းဒိုး genuine ဖြစ်ဖို့အတွက်တော့ ဒါလေးဆောင်ထား
ကဲဗျာ ကွန်ပျူတာရှိသူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးတစ်ခုပါ.။ ၀င်းဒိုးတင်ပြီးတိုင်း ဒါလေးကတော့
အမြဲလုပ်ပေးနေရတယ်လေ.။ မလုပ်ရင် တစ်လဘဲ သုံးရမှာလေ.။နောက်ဆို သုံးရတာအဆင်မပြေတော့ဘူး
အဲဒီလို မဖြစ်အောင် အမြဲတမ်းသုံးစွဲနိုင်အောင်ဆိုရင်တော့ Window 7 Loader လေးထည့်လိုက်မှ အဆင်
ပြေမှာပေါ့ ဒါအတော်များများ သိပြီးသားတွေပါ..။ ဒါကြောင့် ဒါဟာ လိုအပ်တယ် လိုအပ်တော့ ဆောင်းထား
နိုင်အောင် ဒေါင်းလော့ချထားပေါ့....

۩۩۩۩ DOWNLOAD BOX.COM ۩۩۩۩
Wednesday, April 17, 2013
Windows explorer has stopped working ဖြေရှင်းနည်း
Start >> Run ကိုခေါ်ပြီး regedit ရေးထည့် Enter ခေါက်လိုက်ပါ .. Registry Editor Box တတ်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားပါ..
HKEY_LOCAL_MACHINE\Softwares\microsoft\windows\current version\explorer\browser Helper Objects
Tuesday, January 8, 2013
Window 7 Installationစာအုပ်နှင့် Windowတင်နည်း သိကောင်းစရာများ
ကဲဗျာ ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ထားသူတိုင်း ဒီ Window တင်နည်းလေးတော့ သိထားရမယ် တတ်ထားရမယ်
မဟုတ်လား မသိသေးတဲ့ ခုမှ ကွန်ပျူတာကိုင်ခါစ မိတ်ဆွေများအတွက်ပါ။ Window 7 တင်တာနဲ့ ပါတ်သက်လို့
ပြောရမယ်ဆိုရင်တော့ ။ ကျုပ်တို့ ကွန်ပျူတာအတွင်းမှာ လက်ရှိသုံးနေတဲ့ Window ရှိနေရင် ခွေထည့်ပြီး ဆော့ဝဲ
တွေ ထည့်သွင်းသလို နှစ်ချက်ကလစ်ပြီးလည်း တင်နိုင်ပါတယ်။ ဒီတင်နည်းကအလွယ်ဆုံးပေါ့။ ဒါပေမယ့် အဲဒီ
နည်းက Window တင်ပြီးရင် C ခန်းထဲမှာ သွားဖျက်ရတယ်ဗျာ Window old ဆိုပြီးတော့ ရှိနေမယ်ပေါ့။ အဲဒီမှာ
ဖျက်နည်းက နှစ်မျိုးရှိတယ် Shift delete နဲ့ဖျက်တာက ဖိုင်တွေ ကျန်တတ်တယ်။ C ခန်းကို Right Click >>Properties >> Disk Cleanup>>More Options>> Systen Restore adn Shadow Copies အောက်က Clean
up ကိုနှိပ် အဲဒီမှာ Window old နှင့် တွေ့သမျှကို အမှန်ခြစ်ပေးပြီး Delete လုပ်လိုက်ပါ ဒါဆိုရင်တော့ အဆင်ပြေ
ပြီ။ ဟာအဆင်မပြေသေးဘူး ဘာလိုသေးလဲဆိုတော့ Window 7 loader လေးထည့်ရဦးမှာဗျ။ အဲဒါမှ Windowက
genuine ဖြစ်မှာလေ။ ဒါလေးကို သိချင်ရင်တော့ My Computer ကို Right Click >>Properties နှိပ်ပြီးဆွဲကြည့်ပါ
အောက်မှာတွေ့ပါလိမ့်မယ်။ ကဲဒါက တစ်နည်းပေါ့ဗျာ။ နောက်တစ်နည်းကတော့ Window 7 boot တက်တဲ့နည်း
အဲဒါက စာအုပ်ထဲမှာပါတယ်။ Desk top ဆိုရင်တော့ Restart ချပြီးတော့ Delete ကို ဆယ်ချက်လောက် နှိပ်ပေး
ရတယ်။ အဲဒါဆို ဘုဇီးကွက်ဆိုတာလေးပေါ်လာမယ်ပေါ့ဗျာ အဲဒီမှာပြင်တာလေးပါ Advanced Bios features >
မှာ fast boot Drive ကို CD /DVD ရွေးပေးပါ။ Desk top ဆိုရင် f10နှိပ်ပြီး ပြန်ထွက်ပေါ့ဗျာ ဒါဆိုရင် Window 7ခွေ
ထည့်ထားရင် Boot တက်လာမယ် ကော်ပီကူးတာလေးတက်လာမယ်ပေါ့။ ဒီ F10 တို့ဘာတို့က အဲဒီထဲမှာ ပါပြီး
သားတွေပါ။ ဘာကီးနှိပ်ရင် ဘာဆိုတာ သိလောက်မယ်ထင်ပါတယ်။ ဒါမပြောတော့ဘူး နောက်ပိုင်းမှာ စာအုပ်နဲ့တူပြီ။ ဆက်ကြည့်လိုက်ပါဦးနော်.....
ကဲ ဒီနည်းလေးက အတော်ကောင်းပါတယ်။ Windows ကျသွားရင်ဘဲဖြစ်ဖြစ်
ဒီနည်းသုံးရင် မိမိရဲ့ အရင် Windows မှာ ရှိတဲ့ ဖိုင်တွေကိုလည်း
ယူလို့ရပါတယ်။ bot တက်ပြီးတော့ ပုံမှန်အတိုင်းတင်ပါ။ မိမိက C ခန်းထဲ
တင်မှာဆိုရင် ဒီတိုင်း Slet မှတ်ပြီးတင်ရုံပါဘဲ Format မချပါနဲ့နော်။
ကျုပ်ခုနက တင်တာကတော့ Bot
တက်စရာမလိုဘူး အင်တာနက်က တိုက်ရိုက်ဒေါင်းပြီး ဖိုင်လေး ဖွင့်လိုက်တာနဲ့ VirtualDrive လေးပေါ်လာ
တယ် နှစ်ချက်ကလစ်ပြီး တင်လိုက်တာဘဲ။ သူ့ဟာနဲ့သူပြီးသွားတယ် ။ အဲတော့ ကိုယ့်အရင် Windows ကို
ဒေါင်းထားတဲ့ အရေးကြီးတဲ့ ဖိုင်တွေကိုတော့ C ခန်းထဲမှာ Windows Oldes ဆိုပြီးရှိတယ်ဖွင့်လိုက်ပါ။ User>>
ထဲမှာ မိမိ Windows တင်တုန်းက နာမည်ပေးခဲ့တဲ့ အပေါ်က floder လေးကိုဖွင့်ပါ။ အဲဒီထဲမှာ ကိုယ်ကတော့
ဒေါင်းထားတာတွေဆိုတော့ Download ထဲဝင်လိုက်တယ် ရချင်တာတွေကို Desktop ပေါ် ဆွဲတင်လိုက်တယ်
နောက်ပြီးတော့ Windows အဟောင်းက Desktop ပေါ်မှာ ထားထားတဲ့ဖိုင်တွေကိုလည်း အသစ် Desktop ကို
ဆွဲယူလိုက်တယ်။ ကဲကိုယ်ရချင်တာတွေ ကုန်ပြီဆိုရင်တော့ Windows 8 အဟောင်းကို ဖျက်ပါတော့မယ်။
ပထမဆုံး My Computer ကို ဖွင့်ပါ။ C\ အခန်းကို Right Click>> Properties>> General>>Disk Cleanup>
Clean up System files>> အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Slect မှတ်ပါ။ ပြီးရင်တော့ OK ပေါ့ အဲဒီမှာ Windows
Older ဆိုတာလေးရော တွေ့မယ် အကုန်သာဖျက်ပြစ်လိုက်ပါ။ WindowsOlder ဆိုတာ မတွေ့သေးရင်
ခုန
လာခဲ့တဲ့ လမ်းကြောအတိုင်း C\ အခန်းကို Right Click>> Properties>> General>>Disk Cleanup>Clean up System files>>More Options ကိုနှိပ်ပါ Cleanup နှစ်ခုတွေ့မယ်နော် အောက်က Cleanup ကိုနှိပ်ပါ ပြီးရင်တော့
OK ပါဘဲ။ ပုံလေးတွေနဲ့လည်း ပြသပေးထားပါတယ်။ အဆင်ပြေကြပါစေ...မိမိတို့ရဲ့ အရေးကြီးတဲ့ ဖိုင်တွေ
မပျက်စီး မဆုံးရှုံးကြပါစေနဲ့....နော်....
ကဲ ဒီလောက်ဆိုရင်တော့ သိလောက်ရောပေါ့နော်...သီတင်းကျွတ်အရာ သမယမှာ ပျော်ရွှင်ကြည့်နူး
နိုင်တဲ့ ဘ၀ပိုင်ရှင်တွေ ဖြစ်ကြပါစေကွယ်.....

Comments